Tuesday 16 November 2010

ကဗျာလို့ပဲသဘောထားပါ

ပျော်ရွင်ခြင်းတွေ
သီချင်းမဖြစ်တော့တာ
အဲဒီ့မနက်ခင်းမှာပေါ့။
မြုံနေတဲ့စိတ်က
ငါ့ကိုဒဏ်ခတ်တော့
နှလုံးသားဆတ်ဆတ်ခါ နာကျင်ရ။
ဟော့ဒီ့ရင်ဘတ်ပေါ် တအိအိပြိုကျနေတဲ့
အလွမ်းတွေ မြင်မကောင်းဘူး။
ဝေးနေတဲ့ ပင်လယ်တွေကိုသာ ရွှံမုန်းမိရဲ့။
နင်က ကောင်းကင်ဘုံမှာ
ထိုးစိုက်ထားတဲ့ နှင်းဆီတစ်ပွင့်လို
ခမ်းနားမှုနဲ့အတူ အစွမ်းကုန်တောက်ပနေတဲ့
ကြယ်တစ်ပွင့်။
ငါက နင့်ထည်ဝါမှုတွေအောက်
ပျောက်ဆုံးသွားတဲ့ အမှုန်အမွှားတစ်စ
လမ်းဘေးကကြယ်။
လမင်းကိုမှတောင်းခံမိသူ ကလေးငယ်လို
အဲဒီ့လမင်းရဲ့လစ်လျူရှုမှုမှာ
သူ့ရှက်ရွှံ့မှုတွေကို သိမ်းဆည်း
ဝေးနေတဲ့ပင်လယ်တွေကိုသာ
ကြည့်ငေးရုံပေါ့..ဘာတက်နိုင်မှာလဲ...

No comments:

Post a Comment