Thursday 29 July 2010

ဗေဒါလမ်း(အပိုဒ်၁)

့်၁။ပန်းနီလာ၊ဗေဒါဆင်သလို
ယဉ်လှတယ်လေး။
စုန်ချည်ဆန်ချည်နဲ့
ဒီချောင်းရေဗေဒါလမ်းမှာ၊ တန်းစီလို့လေး၊
#အို အချင်းကျုရိုးရှင်၊
မဗေဒါပြာလဲ့လန်း၊ကမ်းကပ်မယ်ပြင်။
စံပယ်လှပွင့်ဖြူစင်၊ကမ်းခွင်ကငယ်ကျွမ်း။
သူ့လိပ်ပြာခြံအရံနဲ့
သူစံရာသူပျော်မွေ့၊ပြေးတွေ့ချင်စမ်းတဲ့။
#တွေ့ချင်တဲ့စေတနာရယ်
ငယ်ကျွမ်းဆွေလွမ်းဝေတေးပေမို့
အေးချိုလှတယ်လေ။
လိပ်ပြာက ဝတ်ရည်သယ်၊စံပယ်က မအား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေဗေဒါလမ်း၊မယ့်လမ်းပါလား။
#အို....အချင်းကျုရိုးရှင်
မဗေဒါပြာလဲလန်း၊ကမ်းကပ်ပြန်ချင်။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ပျိုခင်ရဲ့အနွဲ့၊
ပျို့လက်မှာမယ်ဗေဒါက
ပျို့မျက်နှာ ချစ်တုံပန်းကို၊ပြုံကြည့်ချင်ငဲ့...တဲ့
#ကြည့်ချင်တဲ့စေတနာရယ်
သနားဖွယ်ချစ်ဖွယ်တေးပေမို့၊အေးချိုလှတယ်။
ချစ်စနိုးရယ်နဲ့
မြစ်ရိုးကအပြာခြယ်ကို၊ပျိုနယ်လိုက်လေမလား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေဗေဒါလမ်း၊မယ့်လမ်းပါလား။
#အို..အချင်းကျုရိုးရှင်
မဗေဒါပြာလဲ့လန်း၊ကမ်းကပ်ပြန်ချင်။
ထီးတော်ကတချွင်ချွင်၊ကွင်းပြင်ကဘုရား၊
နေမင်းညိုချိန်တန်ပေါ့
နိဗ္ဗာန်ကိုစိတ်ကြံကူး၊ဖူးချင်လျက်သား..တဲ့၊
#ဖူးချင်တဲ့စေတနာရယ်၊
နိဗ္ဗိန္ဒာဂီတာတေးပေမို့၊အေးချိုလှတယ်။
ကျွတ်ဆုကိုရွယ်၊လွယ်ပါတော့အရ။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊မယ့်လမ်းသာပါ့။
#ချောင်းရေကဖောင်၊ တောင်လေကသွေး
ရွက်လင်းယဉ်မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်
အားစိုက်ပါလေး။ ။

No comments:

Post a Comment