Thursday 29 July 2010

ဗေဒါလမ်း(အပိုဒ်၃)

၃။မဗေဒါ၊ဘယ်ရွာဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ၊ဘယ်ရေဆိပ်မှာမှ
နေအိပ်လိုဘဲ။
ဒီတက်လျှင်ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင်
ဆန်လိုက်သည်ဘဲ။
#မဗေဒါ၊ ဘယ်ရွာဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ၊ ဘယ်ရေဆိပ်မှာမှ
နေအိပ်လိုဘဲ။
ဒီကျလျှင်ရွှင်
ဗေဒါခင် ပင်လယ်ဆိုက်အောင်.
စုန်လိုက်သည်ဘဲ။
#ဘုတ်မကအီ၊ ပီပီကသံမစဲ။
မဗေဒါ စုန်ဆန်ပန်းကို မှန်းဖို့လိုဘဲ။
(စုန်လိုက်သည်ဘဲ=စုန်လိုက်သည်ပဲ)

ဗေဒါလမ်း(အပိုဒ်၂)

၂။ဒီချေင်းမှာရွှင်၊ဗေဒါခင်ပြာလဲ့။
စံပယ်ကိုယမယ်ဖွဲ့၊ကမ်းကပ်ချင်ခဲ့။
#ဒီချောင်းမှာရွှင်၊ ဗေဒါပြာလဲ့။
ပျိုမယ်ကိုယမယ်ဖွဲ့၊ကမ်းကပ်ချင်ခဲ့။
#ဒီချောင်းမှာရွှင်၊ဗေဒါခင်ပြာလဲ့။
စေတီငယ်ယမယ်ဖွဲ့၊ကမ်းကပ်ချင်ခဲ့။
#လင်းယဉ်နွဲ့တချီချီ။
ကျုရိုးရှင်သူ့စကား၊နားကျခဲ့ပြီ။
ကျွတ်ဆုမြတ်စလွယ်ချည်းဗေဒါရီပြာလဲ့။
စုချည်ဆန်ချည်နဲ့
ဒီချောင်းရေဗေဒါလမ်း၊မယ့်လမ်းပါ..တဲ့။
#ချောင်းပြင်မှာစီတန်းလို့
ဗေဒါပန်းရေကြင်ဆွေ၊မျောလို့သာနေ။
ကမ်းကွေ့မှာခွေ၊ကမ်းပြောတော့စင်း။
သည်ချောင်းရေ လေမခတ်တယ်
စီးတက်လေခြင်း။
#ကျုရိုးရှင်ပီပီမှုတ်လို့
ဘုတ်မကို သူကပြိုင်၊ ချောင်းစပ်မှာထိုင်။
ဘုတ်မက တိုင်၊ကျုကိုင်ကအေး။
ရေစီးနဲ့လာ၊ရေသာမှာပြန်လို့မြန်းတဲ့
မဗေဒါ စုန်ဆန်ပန်းကို၊ လွမ်းတတ်တဲ့လေး။
#စုန်ပါတဲ့ ဆန်ပါ။
ကျုရိုးရှင် ပီပီကလေးနဲ့၊တေးချိုလို့သာ။
ဘယ်မြို့ကလာ၊ ဘယ်ရွာဆိပ်ကမ်း။
အပွင့်အပြာရောင်နဲ့
ဘယ်သောင်မှာ နေချိုအေးလျှင်
မှေးအိပ်မယ်မှန်း ။ ။

ဗေဒါလမ်း(အပိုဒ်၁)

့်၁။ပန်းနီလာ၊ဗေဒါဆင်သလို
ယဉ်လှတယ်လေး။
စုန်ချည်ဆန်ချည်နဲ့
ဒီချောင်းရေဗေဒါလမ်းမှာ၊ တန်းစီလို့လေး၊
#အို အချင်းကျုရိုးရှင်၊
မဗေဒါပြာလဲ့လန်း၊ကမ်းကပ်မယ်ပြင်။
စံပယ်လှပွင့်ဖြူစင်၊ကမ်းခွင်ကငယ်ကျွမ်း။
သူ့လိပ်ပြာခြံအရံနဲ့
သူစံရာသူပျော်မွေ့၊ပြေးတွေ့ချင်စမ်းတဲ့။
#တွေ့ချင်တဲ့စေတနာရယ်
ငယ်ကျွမ်းဆွေလွမ်းဝေတေးပေမို့
အေးချိုလှတယ်လေ။
လိပ်ပြာက ဝတ်ရည်သယ်၊စံပယ်က မအား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေဗေဒါလမ်း၊မယ့်လမ်းပါလား။
#အို....အချင်းကျုရိုးရှင်
မဗေဒါပြာလဲလန်း၊ကမ်းကပ်ပြန်ချင်။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ပျိုခင်ရဲ့အနွဲ့၊
ပျို့လက်မှာမယ်ဗေဒါက
ပျို့မျက်နှာ ချစ်တုံပန်းကို၊ပြုံကြည့်ချင်ငဲ့...တဲ့
#ကြည့်ချင်တဲ့စေတနာရယ်
သနားဖွယ်ချစ်ဖွယ်တေးပေမို့၊အေးချိုလှတယ်။
ချစ်စနိုးရယ်နဲ့
မြစ်ရိုးကအပြာခြယ်ကို၊ပျိုနယ်လိုက်လေမလား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေဗေဒါလမ်း၊မယ့်လမ်းပါလား။
#အို..အချင်းကျုရိုးရှင်
မဗေဒါပြာလဲ့လန်း၊ကမ်းကပ်ပြန်ချင်။
ထီးတော်ကတချွင်ချွင်၊ကွင်းပြင်ကဘုရား၊
နေမင်းညိုချိန်တန်ပေါ့
နိဗ္ဗာန်ကိုစိတ်ကြံကူး၊ဖူးချင်လျက်သား..တဲ့၊
#ဖူးချင်တဲ့စေတနာရယ်၊
နိဗ္ဗိန္ဒာဂီတာတေးပေမို့၊အေးချိုလှတယ်။
ကျွတ်ဆုကိုရွယ်၊လွယ်ပါတော့အရ။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊မယ့်လမ်းသာပါ့။
#ချောင်းရေကဖောင်၊ တောင်လေကသွေး
ရွက်လင်းယဉ်မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်
အားစိုက်ပါလေး။ ။
blocking ကျော်လွှားနည်း
* (၁) http://www.ultrareach.com/download_en.htm ကို သွားပါ ..
* (၂) Download release version UltraSurf 9.5(.exe) ဆိုတာလေးကို နှိပ်ပြီး နောက်ဆုံး update လုပ်ထားတဲ့ ultrasurf ကို Download ချလိုက်ပါ။
* (၃) ဆိုက်ကိုဝင်မရသူများ အောက်မှာ Download လုပ်လိုက်ပါ .
* (၄) Double click နှိပ်ပြီး Run လိုက်ပါ .
* (၅) Home ၊ Retry ၊ Option ၊ Help ၊ Exit ရှိတဲ့အထဲက Option ကိုရွေးပေးလိုက်ပါ .
* (၆) ပေါ်လာတဲ့အထဲက Proxy Setting ကိုထပ်ရွေးပါ .
* (၇) အခုပေါ်လာတဲ့ proxy box ထဲမှာ Auto Detect Proxy , Manual Proxy Setting , Directly use proxy ဆိုပြီးတော့ ၃ ခုရှိပါတယ် . အဲဒီ့အထဲက Manual Proxy Setting ကိုရွေးလိုက်ပါ .
* (၈) ပြီးတော့ အခုလက်ရှိ ကိုသုံးနေတဲ့ စက်ရဲ့ Proxy Host နှင့် Proxy Port ကိုဖြည့်ပေးပြီး ok ကို နှိပ်လိုက်ပါ .
* (၉) ပြီးတာနှင့် Ultrasurf ကို 10 စက္ကန့်လောက် ခဏပိတ်လိုက်ပြီး . ပြန်ဖွင့်လိုက်ပါ .
* (၁၀) ပြီးတာနဲ့ ဖွင့်ပြီးတော့ သုံးလို့ရသွားပါပြီ .
* (11) Gtalk မရသူများ Gtalk ရဲ့ connetction setting မှာ Proxy = 127.0.0.1 , port = 9666 ဆိုပြီး ဖြည့်ပါ။ ဖြည့်ပြီးတာနဲ့ အသုံးပြုလို့ရသွားပါပြီ .. proxy နဲ့ port တွေကိုတော့ သိအောင်လုပ်ထားပါ . မြန်မာပြည်ကလူအချင်းချင်း မေးမြန်းလို့ရပါတယ် . ကဲ အဆင်ပြေနိုင်ပါစေဗျာ .. (အဆင်မပြောပါကမပြေပါက..မပြေ
သောနေရာကိုမေးနိုင်ပါသည်..)မှတ်ချက်ညီနေမင်းဆိုဒ်မှယူထားချင်
ဖြစ်ပါသည်..သူ့အတိုင်းဖော်ပြရန်မဖြစ်နိုင်သောကြောင့်..မပြေလည်တာများကိုမေးနိုင်ပါသည်..သူငယ်ချင်း
များအဆင်ပြေပါစေလို့ဆုတောင်းလိုက်ပါသည်..